မုန်းတယ်... နင့်ကိုငါမုန်းတယ်...။
ရှိသမျှငါ့အချိန်တွေတော်တော်များများ ...နင်ကနေအကုန်ယူထားတော့ ။ငါလုပ်ချင်တဲ့စိတ်ကူးတွေအကုန်လုံး ။ အကောင်အထည်မဖော်နိုင်။ မိုးလင်းမိုးချူပ်နင်နဲ့ဘဲအချိန်ကုန်နေရတော့ ကြာလာတော့ ငြီးငွေလာတာပေါ့။
ငါကိုက မပြတ်သားတာဘာ..။ နင်နဲ့မှ ကင်းကင်းရှင်းရှင်း သတ်သတ်မှတ်မှတ်မနေနိုင်တာ။ သူ့စည်းသူကမ်းလေးနဲ့
ဆို ငါကိုယ်တိုင်ကိုက နင့်ကိုအခွင့်အရေးတွေပေးပေးပြီး။ ရုံးအားရက်လေး မနက်မိုးလင်းတာနဲ့ မျက်နှာဘဲသစ်ရသေး ..။
ှုနင့်ကိုငါစနှုတ်ဆက်ရတာဘဲမဟုတ်လား။ နင်ကတော့ ခပ်တည်တည်ချည်း. ဟုတ်ပါတယ်။ ငါကိုက မပြတ်နိုင်တာ..။
အခုလဲ နင့်ရဲ့ လွှမ်းမိုးမှု့အောက်မှာ ငါသည်စာတွေရေးနေရပြန်ပြီ...။ ငါမုန်းတယ် နင့်ကိုမုန်းတယ်...။ ပြတ်သားနိုင်ဖို့မကြိုးစား နိုင်သေးပေမယ့် သိသိကြီးနဲ့ကို ငါနင့်ကိုမုန်းနေတယ်....။
(ကျွန်တော်အသုံးပြုနေရသော .. ရုံးနှင့်အိမ်မှကွန်ပျူတာများကိုရည်စူးပါသည်)။
Wednesday, April 8, 2009
Subscribe to:
Post Comments (Atom)
2 comments:
နင့်ကိုလည်း ငါကတအားမုန်းတယ်။ နင်ဘာလို့ ငါ့ကိုလာပတ်သက်လဲ။ နင်လည်း ငါမလုပ်ချင်တာတွေလုပ်ခိုင်းတာပဲ။ ငါ့ဟာငါ အေးအေးနေလည်း နင်ပဲ လာလာ နှောက်ယှက်နေတာ။ မပြောချင်လို့ကြည့်နေတာကြာပြီ။ မုန်းတယ်။မုန်းတယ်။ နင်မုန်းတာထက် ငါပိုမုန်းတယ်။
(ကွန်ပြူတာနေရာကနေခံစားထားတာ။)
အေးကွ အဲ့ဒါလဲဟုတ်တာဘဲ
Post a Comment