Saturday, October 18, 2008

အလှုလုပ်ကြသည်


အလှုကို ၁၁ ရက်နေ့ October 2008 မှာ စင်္ကာပူမြန်မာ ဘုန်းကြီးကျောင်းမှာလုပ်ပါတယ်။ ကြက်သားပလာတာကျွေးပါတယ်။ ဆြာညီညီက တော့ တပြုံးပြုံးနဲ့ ချွေးတလုံးလုံး လိုသမျှအကုန်လိုက်လုပ်ပေးနေတာကို တွေ့ရပါတယ်။ ပုဆိုးလေးနဲ့ပါ .. အဲ့သည့်ပုဆိုးက သူ့ရဲ့တစ်ခုတည်းသောပုဆိုး(ရေ)ဆိုတာကို ငြိမ်းချမ်း(ထက်) က သတင်းပို့လာပါတယ်။အပြေအလွှားရောက်လာတဲ့ ငြိမ်းချမ်း(အောင်) မှာတော့ စာလို့ကောင်းတဲ့ ပလာတာကြက်သားအစား နောက်ကျကြေးအဖြစ် .. ပလာတာသကြားကိုဘဲ စားလိုက်ရပါတယ်။ သည်ပွဲမှာတပြုံးပြုံးဖြစ် ပြီးအားလုံးမျက်စိကျသွားတာကတော့ (တစ်ချို့အားကျ) ငြိမ်းချမ်း(ထက်) ဖြစ်ပါတယ်... ဘာလို့လဲဆိုတော့ သူက အရင်လိုတစ်ယောက်ထဲ လာခဲ့တာမဟုတ်တော့လို့ပါဘဲ...