Thursday, April 9, 2009

Happy Birthday Friend "Ann"



ငယ်ငယ်က ရဖူးတဲ့ကဗျာလေး မေ့သွားမှာ စိုးလို့ ပြန်ရေးကြည့်တာ။

မမ ၀၀ ထထ က
အက ပထမ
ကပါ ကပါ မမရာ
ညည လ သာသာ
ညအခါ ငါစာရ
မမ ၀၀ "အမ်း" ထက။

သူငယ်ချင်းကြီး အထီးကျန် တစ်ကိုယ်တည်းဘ၀ ကနေ အမြန်ဆုံးကျွတ်လွတ်ပါစေ။

Wednesday, April 8, 2009

အမုန်းဆုံး တစ်

မုန်းတယ်... နင့်ကိုငါမုန်းတယ်...။
ရှိသမျှငါ့အချိန်တွေတော်တော်များများ ...နင်ကနေအကုန်ယူထားတော့ ။ငါလုပ်ချင်တဲ့စိတ်ကူးတွေအကုန်လုံး ။ အကောင်အထည်မဖော်နိုင်။ မိုးလင်းမိုးချူပ်နင်နဲ့ဘဲအချိန်ကုန်နေရတော့ ကြာလာတော့ ငြီးငွေလာတာပေါ့။
ငါကိုက မပြတ်သားတာဘာ..။ နင်နဲ့မှ ကင်းကင်းရှင်းရှင်း သတ်သတ်မှတ်မှတ်မနေနိုင်တာ။ သူ့စည်းသူကမ်းလေးနဲ့
ဆို ငါကိုယ်တိုင်ကိုက နင့်ကိုအခွင့်အရေးတွေပေးပေးပြီး။ ရုံးအားရက်လေး မနက်မိုးလင်းတာနဲ့ မျက်နှာဘဲသစ်ရသေး ..။
ှုနင့်ကိုငါစနှုတ်ဆက်ရတာဘဲမဟုတ်လား။ နင်ကတော့ ခပ်တည်တည်ချည်း. ဟုတ်ပါတယ်။ ငါကိုက မပြတ်နိုင်တာ..။
အခုလဲ နင့်ရဲ့ လွှမ်းမိုးမှု့အောက်မှာ ငါသည်စာတွေရေးနေရပြန်ပြီ...။ ငါမုန်းတယ် နင့်ကိုမုန်းတယ်...။ ပြတ်သားနိုင်ဖို့မကြိုးစား နိုင်သေးပေမယ့် သိသိကြီးနဲ့ကို ငါနင့်ကိုမုန်းနေတယ်....။

(ကျွန်တော်အသုံးပြုနေရသော .. ရုံးနှင့်အိမ်မှကွန်ပျူတာများကိုရည်စူးပါသည်)။

Sunday, April 5, 2009

လွမ်းမိတဲ့ သင်္ကြံန်

သူငယ်ချင်းတို့ရေ့ 

ဘာတွေလုပ်နေလဲ။ နောက်တစ်ပါတ်ဆို သင်္ကြံန်ရောက်ပြီကွ။ ၂၀၀၄ သင်္ကြံန်ကိုမှတ်မိသေးလား။ လူစုံတက်စုံ ကဲခဲ့ကြတာ။ ဖိုးပြည့်၊လပ်ကီး၊ဂျော်ကြီး၊အာကာ၊အောင်ကို၊ငြိမ်းချမ်း၊၀ထ၊ပြဲကြီး၊မိနိုင်၊ငါ လူစုံပဲ။ မိန်းကလေးတွေ ဘယ်သူပါလဲတော့ မရေးတော့ဘူး။ ရှော့ရှိတယ်။ လပ်ကီး မင်းအကြောင်းတွေ မရေးတော့ပါဘူး။ အဲဒီတုန်းက မင်းတအားပျော်နေတယ်။ ငါကတော့ ဘလက်တွေ နိသောက်မိလို့ မူးတာမှတ်မိတယ်။ အာကာကတော့ သီချင်းတွေပဲဆိုနေတာ။ မိနိုင်လေးလဲ သနားပါတယ်။ ကိုလတ်ကတော့ လူဆိုး။ နောက်ဆုံးနေ့မှလည်းလိုက်သေး တအားလဲဆိုးသေး။ ဖိုးပြည့် မင်းကတော့ ထုံးစံအတိုင်းသောက်တော်ဗူးရယ်နဲ့ အိုမကွာပေါ့။ နောက်ဆုံးနေ့ ကားပေါ်မှာဆိုတဲ့ သီချင်းက ငါ့သမီး လျှာထွက်နေတယ်။ အဲဒီနှစ်ကတော့ တကယ်ကို ဘ၀မှာ အမှတ်တရပါ။
၂၀၀၂ လား ၂၀၀၃ လား မသိဘူး။ လပ်ကီး မင်း ဆည်မြောင်းက လူကြီးရယ်၊ အင်ဂျင်နီယာကြီးတွေရယ်ကို သင်္ကြံန်မှာတင်တဲ့ ဇယ်ကြွေးတွေ ဘယ်တော့ ဆပ်မှာလဲ။ (ဘာကြေးတောက်တာလဲ မှတ်မိတယ်နော်။) ထန်းရေတွေနဲ့ အပက်ခံရတာလဲ မှတ်မိပါတယ်။ နောက်ဆုံးနေ့လား ဦးရဲကြီးဆိုင်မှာ လေးယောက်ထဲကြိတ်ပုန်းသောက်တယ်။ နောက်ပြီး ငါမှတ်မိတာရှိသေးတယ်။ ဖိုးပြည့်ရေ မင်းခွင့်ပြုရင် ရေးချင်တယ်။ ခွင့်ပြုမှာလား။
၂၀၀၅ ကတော့ သိပ်မပျော်သလားလို့။ လပ်ကီးကလည်းမရှိ။ အသည်းကြီးနဲ့ တီးသွားပြီး စိတ်အပန်းဖြေခဲ့ရတယ်။ နောက်ဆုံးနေ့တော့ ပျော်ပါတယ်။ ချစ်သူလေးကို မဏ္ဍပ်မှာသွားပြီးရေလောင်းရလို့။
၂၀၀၆ ကတော့ ကတုံးတွေ ကဲတဲ့နှစ်။ ချစ်သူလေးနဲ့ အတူတူ ရေပက်တဲ့နှစ်။ ဂျာနယ်ကိုယ်တော် ရဲ့ ဦးထုပ်လေး ပျောက်တဲ့နှစ်။ စပွန်ဆာ အန်ကယ်ကြီးလဲ ကျေးဇူးပါ လို့ မမေ့မလျော့ ပြောပါရစေ။ အဲဒီနှစ်က ရေပက်မသွားခင် ဟိုးအနောက်နိုင်ငံက သူငယ်ချင်းက ဖုန်းလှမ်းဆက်တယ်။ လပ်ကီးပေါ့။ ဘာပြောလဲဆိုတော့  ။ (သိချင်သူများ တိုးတိုးတိတ်တိတ် ဖုန်းဆက်မေးမြန်းနိုင်ပါသည်။)
နှစ်သစ်မှာ သူငယ်ချင်းတွေ လွှတ် ပျော်နိုင်ကြပါစေ။

Sunday, March 15, 2009

ဘော်ဒါအရေးကြီးသလား။ ချစ်သူကအရေးကြီးသလား။

ခုတစ်လော ဒီကိစ္စက နည်းနည်းပွဲဆူနေတယ်။ ဘာကအရေးကြီးသလဲပေါ့။ အရေးကြီးတာနှစ်ခုအနက် တစ်ခုပဲရွေးရမှာဆိုတော့ တော်တော်ခေါင်းစားရမယ့် ကိစ္စပါ။ ဘော်ဒါဆိုတာကလည်း မရှိမဖြစ်အရေးပါတဲ့သူ၊ ချစ်သူဆိုတာကလည်း အေးတူပူအမျှလက်တွဲထားရတဲ့ မရှိမဖြစ်သူ။ ကဲ... မခက်ပါလား။ တစ်ခုတော့ရှိတယ်။ ချစ်သူစိတ်ကောက်ရင်ချော့ရတာက ဘော်ဒါစိတ်ကောက်ရင်ချော့ရတာထက်ပိုကြာတယ်၊ပိုခက်တယ်။ ဘော်ဒါစိတ်ကောက်လို့မချော့လည်းသိပ်ကိစ္စမရှိဘူး။ ချစ်သူကျတော့မရတော့ဘူး။ တစ်ခုခုကိုစိတ်ကောက်လို့မှ ချော့မထားရင် ပြဿနာက မီးခိုးကြွက်လျှောက်ပဲ။ ကဲ ဘော်ဒါတို့ ...နားလည်လက်စနဲ့ ကိုယ့်သူငယ်ချင်းတွေကို ဆက်လက်နားလည်ပေးကြပါ။ ဘော်ဒါကိုမခင်လို့ တော့မဟုတ်ပါဘူး။ ဒါပါပဲ... နေက်ဆုံးတော့လည်း ဘော်ဒါဟာဘော်ဒါပါပဲ။
(ငြမ်းဘ၀ကို ငြမ်းနားလည်ပါတယ် လို့ ဘော်ဒါတစ်ယောက်က ဘော်ဒါတစ်ယောက်ကို ပြောဖူးတာကို ပြန်လည်သတိရမိလို့ရေးမိပါတယ်။ လွန်တာရှိဝန္တာမိပါ။)

Sunday, March 8, 2009

တိမ်တွေမက်တဲ့ ညနေ

ညနေမှာ မြူမရှိဘူး ......။

တိမ်တွေဟာ တလက်လက်နဲ့
မော်မော်ကြွားကြွား စကားဆိုတယ်...
"ဘ၀တွေဟာ ငါ့ရင်ခွင်မှာ လှစမြဲပဲ" တဲ့။

မုသားစကားမဆိုခဲ့ပါ...။
ညနေမှာ နေရောင်ဟာ ညှိုးလျပြီပေါ့...။

တိမ်တွေဟာ တထိတ်ထိတ်နဲ့
တိတ်တိတ်ဆိုတယ်...
"ငါ့မာနဟာ ငါ့အလှကို ဖျက်ခဲ့တယ်" တဲ့။

Friday, February 27, 2009

တွေးမိတွေးရာတွေးတဲ့.....လူ

လူတွေ မကောင်းဘူးလို့ လူတွေက ပြောကြတယ်။ လူတွေ ယုတ်မာတယ်လို့ လူတွေပြောကြတယ်။ လူတွေ ရက်စက်တယ်လို့ လူတွေပြောကြတယ်။ လူတွေကဘာလို့ လူတွေအကြောင်းပြောကြတာလဲ။ ရှင်းရှင်းလေးပါ။ လူတွေမှာ ပါးစပ်ပါလို့ပါ။ ပါးစပ်ပါပြီးတော့လည်း ဆွံ့အတဲ့သူ မဟုတ်လို့ပါ။ ပါးစပ်ဘာလို့ပါလဲ စဉ်းစားတော့ မွေးရာပါပေါ့။ ပါးစပ်ရဲ့တာဝန်က ပြောဖို့ဆိုဖို့ပေါ့။ ပြောတဲ့အခါမှာ ကိုယ့်အတွက်လည်း အကျိုးမရှိ သူတစ်ပါးအတွက်လည်းအကျိုးမရှိတဲ့စကား၊ ကိုယ့်အတွက် အကျိုးမရှိ သူတစ်ပါးအတွက်အကျိုးရှိတဲ့စကား၊ ကိုယ့်အတွက် အကျိုးရှိ သူတစ်ပါးအတွက်အကျိုးမရှိတဲ့စကား၊ ကိုယ့်အတွက်လည်းအကျိုးရှိ သူတစ်ပါးအတွက်လည်းအကျိုးရှိတဲ့စကား ပြောမလားဆိုတာကတော့ လူ့အခွင့်အရေးပေါ့။ လူ့အခွင့်အရေးကိုချိုးဖောက်တာလဲ လူတွေပါပဲ။ ပြောချင်တာမပြောရ၊ ဆိုချင်တာမဆိုရ။လူတွေဟာ အချင်းချင်းဘာကြောင့် အနိုင်ကျင့်တာလဲ။ အနိုင်ကျင့်တော့ဘာရလဲ။ အပေါ်ယံအမြင်အရတော့ အနိုင်ကျင့်တဲ့သူကအနိုင်ရပါတယ်။ အမှန်ကတော့ Lose - Lose ပါ။ တကယ်ဆို လူတွေအကြောင်းမကောင်းပြောရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသလိုပါပဲ။ လူမှန်သမျှမကောင်းဘူးလို့ ၀ါး လုံးရှည်နဲ့ရမ်းရင်လည်း ကိုယ်ပါ မကောင်းဖြစ်ဦးမယ်။ အားလုံးကောင်းသလားဆိုတော့လည်း ဟဲ...ဟဲ...ဟဲ...ပေါ့။ ကဲ... ဘာလုပ်ကြမလဲ။ ဘာမှမလုပ်တာပဲကောင်းမယ်ထင်ပါတယ်။ လူတွေကြားထဲနေ လူတွေအကြောင်းပြော၊ လူအများတွေးသလိုတွေးတာအကောင်းဆုံးပါ။ နောက်မို့ဆို လူတွေက သိတယ်မို့လား...။

Thursday, February 26, 2009

င်္လွမ်းတဲ့.....သူ

မနက်မနက်ဆို...

မြူမှုန်လေးတွေကိုလွမ်းတယ်...။


နေရောင်ဟာ တောင်ပံတွေတဖျပ်ဖျပ်ခတ်လို့

အခန်းထဲတိတ်တိတ်လေးခိုးဝင်လာတဲ့အခါ

အိပ်မက်ပျိုဟာ ရှက်ပြုံးလေးနဲ့ပေါ့...။



လွမ်းတတ်သူတိုင်းဟာ ချစ်တတ်သူလား

ချစ်တဲ့သူတိုင်းရော လွမ်းတတ်ရဲ့လား...။



မိန်းကလေးရယ်

သင်္ခါရတရားသာ အတ္တဖြစ်ခဲ့ရင်

မြူမှုန်ဝေတဲ့ မနက်တွေမှာ

ချစ်တဲ့သူကို ငါ လွမ်းနေမိမှာပါ...။

Saturday, February 21, 2009

HAPPY BIRTHDAY (21-02-2009)


BROTHER LUCKY,


HAPPY BIRTHDAY.

MAY U BE A PERSON WHO KNOWS WISDOM.

MAY U BE A PERSON WHO KNOWS REAL LOVE.

MAY U BE A PERSON WHO KNOWS LOYALITY.


ရွက်ကြွေ


ငိုခြင်းနဲ့ရယ်ခြင်းမုန်တိုင်းတွေရဲ့ကြား

ယိမ်းထိုးနေရတဲ့ ဘ၀.....

ခဏနားပါရစေ။


ကန္တာရထဲမှာ ရှာဖွေမိတဲ့ အရိပ်စစ်တစ်ခု

အိပ်မက်လိုအရောင်မပြယ်ပါစေနဲ့ ။


တိမ်တိုက်တွေရယ်

လမင်းရဲ့ပျော်ရွှင်ခြင်းကိုခွင့်ပြုပါ...။


သေခြင်းတရားရေ....

အချိန်ခဏစောင့်ပေးပါ

'နောင်တ' တရားတွေ ခ၀ါချခဲ့ချင်လို့ပါ ။

Wednesday, February 18, 2009

မော်ဒန်ငိုချင်း



လောကီကိုမုန်းပြီမို့

တောမှီကာပျော်တော့မယ်

ဘော်ဒါတို့ရေ....

ဆွမ်းပင့်ပါဗျို့။

Tuesday, February 17, 2009

Dear You

If love is a low pressure to build up a perfect storm of my life....
I'll be the only victim who helplessly drowning in the ocean of misery....
Otherwise all hopes are g..o...N......EEEEEE....

Thursday, February 12, 2009

A WISH I WANT TO ASK THE GOD

When I think about my old days, I miss the time between year 1997 to 2004 so much. I know those time cannot be reached to me again. Seconds, minutes and days in those times are filled with happiness. I didn't think about worries so much. In those days, friends are more imporatnt for me than parent and family. I found true friends and I could share my feelings to them. How can I forget the days we went for swimming? How can I forget the night we sat and chat together up to dawn? Where can I find the place like we slept together? When can we go to teashop with my friends again? I believe my friends also think these questions and I know that they don't have a good answer. Now I am coming very near to thirty. How many days are left for me? Everyone knows that our current thoughts are not white as earliers. How's about feelings? It might not also be a clear white colour. However, I miss the happiest old days.If I can make a wish, I want to ask the god to let me go to teashop and chat with all my beloved friends.

FEBRUARY 14 & ME

Last year I posted how my luck did not favour me on those valentine days. Starting from 14th february 2004, I didn't get a chance to be happy with my special one on that romantic day for so many reasons. But this year is not the same as usual. Everything is changed. My one is very near to me. Great! I hope everyone knows that the moment being very near to love one is unforgettable and the happiest. I don't know about love but I love my one.

May all my friends be happy on this 14th February 2009 Valentine Day.

Sunday, February 8, 2009

To All My Friends

Dear All My Beloved Friends,

We all are now on the way of life. Our actions now will be our history. We should try to be full of happiness and enjoyments in the pages of our history. Everyone writes his or her own history and no one can change. So the results are totally rely on us.
Now I am writing my own histroy. Now I am in the introduction pages of my history. My engagements photos ,a part of my history, are added here.
I am very sure that my friend Lucky will be very proud of me for my engagement.

Wednesday, January 14, 2009

Tha Di Ya Yel Lar , Tha Di Ya Yel Lar lo may chin del

Helllllooow,
How 's doing guys, I'm so bbbbuzzy in these day coz of my YEAR end and AUDIT stupid things,
Now ur poor firend have to go new office @ ADMIRALTY ... stingy boss move out to cheeper place. DIE DIE DIE.. I need to get up now 4 30 wow....

God bless u all

Monday, January 12, 2009

happy for them :)

I am very glad to hear that my beloved friends Thura and Pa will be going to engage in this very first month of 2009, I am sure that both of them will so blissful of their engagement. Although we all can’t be able to attend their engagement celebration, we all are really in high spirits for them, too. Both of them are going to achieve next step soon……….so we all guys have to get ready for their next step. Wishing for them to pleased and lovely future without end.