Sunday, April 5, 2009

လွမ်းမိတဲ့ သင်္ကြံန်

သူငယ်ချင်းတို့ရေ့ 

ဘာတွေလုပ်နေလဲ။ နောက်တစ်ပါတ်ဆို သင်္ကြံန်ရောက်ပြီကွ။ ၂၀၀၄ သင်္ကြံန်ကိုမှတ်မိသေးလား။ လူစုံတက်စုံ ကဲခဲ့ကြတာ။ ဖိုးပြည့်၊လပ်ကီး၊ဂျော်ကြီး၊အာကာ၊အောင်ကို၊ငြိမ်းချမ်း၊၀ထ၊ပြဲကြီး၊မိနိုင်၊ငါ လူစုံပဲ။ မိန်းကလေးတွေ ဘယ်သူပါလဲတော့ မရေးတော့ဘူး။ ရှော့ရှိတယ်။ လပ်ကီး မင်းအကြောင်းတွေ မရေးတော့ပါဘူး။ အဲဒီတုန်းက မင်းတအားပျော်နေတယ်။ ငါကတော့ ဘလက်တွေ နိသောက်မိလို့ မူးတာမှတ်မိတယ်။ အာကာကတော့ သီချင်းတွေပဲဆိုနေတာ။ မိနိုင်လေးလဲ သနားပါတယ်။ ကိုလတ်ကတော့ လူဆိုး။ နောက်ဆုံးနေ့မှလည်းလိုက်သေး တအားလဲဆိုးသေး။ ဖိုးပြည့် မင်းကတော့ ထုံးစံအတိုင်းသောက်တော်ဗူးရယ်နဲ့ အိုမကွာပေါ့။ နောက်ဆုံးနေ့ ကားပေါ်မှာဆိုတဲ့ သီချင်းက ငါ့သမီး လျှာထွက်နေတယ်။ အဲဒီနှစ်ကတော့ တကယ်ကို ဘ၀မှာ အမှတ်တရပါ။
၂၀၀၂ လား ၂၀၀၃ လား မသိဘူး။ လပ်ကီး မင်း ဆည်မြောင်းက လူကြီးရယ်၊ အင်ဂျင်နီယာကြီးတွေရယ်ကို သင်္ကြံန်မှာတင်တဲ့ ဇယ်ကြွေးတွေ ဘယ်တော့ ဆပ်မှာလဲ။ (ဘာကြေးတောက်တာလဲ မှတ်မိတယ်နော်။) ထန်းရေတွေနဲ့ အပက်ခံရတာလဲ မှတ်မိပါတယ်။ နောက်ဆုံးနေ့လား ဦးရဲကြီးဆိုင်မှာ လေးယောက်ထဲကြိတ်ပုန်းသောက်တယ်။ နောက်ပြီး ငါမှတ်မိတာရှိသေးတယ်။ ဖိုးပြည့်ရေ မင်းခွင့်ပြုရင် ရေးချင်တယ်။ ခွင့်ပြုမှာလား။
၂၀၀၅ ကတော့ သိပ်မပျော်သလားလို့။ လပ်ကီးကလည်းမရှိ။ အသည်းကြီးနဲ့ တီးသွားပြီး စိတ်အပန်းဖြေခဲ့ရတယ်။ နောက်ဆုံးနေ့တော့ ပျော်ပါတယ်။ ချစ်သူလေးကို မဏ္ဍပ်မှာသွားပြီးရေလောင်းရလို့။
၂၀၀၆ ကတော့ ကတုံးတွေ ကဲတဲ့နှစ်။ ချစ်သူလေးနဲ့ အတူတူ ရေပက်တဲ့နှစ်။ ဂျာနယ်ကိုယ်တော် ရဲ့ ဦးထုပ်လေး ပျောက်တဲ့နှစ်။ စပွန်ဆာ အန်ကယ်ကြီးလဲ ကျေးဇူးပါ လို့ မမေ့မလျော့ ပြောပါရစေ။ အဲဒီနှစ်က ရေပက်မသွားခင် ဟိုးအနောက်နိုင်ငံက သူငယ်ချင်းက ဖုန်းလှမ်းဆက်တယ်။ လပ်ကီးပေါ့။ ဘာပြောလဲဆိုတော့  ။ (သိချင်သူများ တိုးတိုးတိတ်တိတ် ဖုန်းဆက်မေးမြန်းနိုင်ပါသည်။)
နှစ်သစ်မှာ သူငယ်ချင်းတွေ လွှတ် ပျော်နိုင်ကြပါစေ။

4 comments:

Naing Htun Lwin said...

အိမ်း...i say ကိုသူရ... ကိုသူရရဲ့စာကိုဖတ်ရပြန်တော့လဲ ကျွန်တော်များ ငယ်စဉ် လူငယ်ဘ၀ကိုပြန်သိရမိသားဗျ.. အိမ်း... သောက်ကြပျော်ကြ .. နဲ့စဉ်းစားကြည့်ရင်အဲ့သည့် ဘ၀ က တော်တော်တန်ဖိုးရှိခဲ့ကြတယ်။ အဲ့သည့်တုန်းက တော့မသိဘူးဗျနော်..။ အိမ်း... ကိုသူရကြီးအရက်မူးတဲ့အကြောင်းဖတ်ရပြန်တော့ ...ကိုသူရရေ သိပ်မသောက်နဲ့တော့ဗျာ ..ကျွန်တော်များအရွယ်က .. ကံငါးပါးလုံအောင်ထိမ်းရ သိမ်းရဦးမယ်မဟုတ်လား... ကျွန်တော်များက ကိုယ့်ပုဆိုးတောင်အနိုင်နိုင်ရယ်...။ကျွန်တော်များဆြာ တွေကိုလဲသတိရသားလား။ သည်နှစ်တော့ ရီရွှမ်းသင်္ကြန်ကားနဲ့ .. လမ်းပြကြယ်တွေကိုကြည့်တော့မယ်။ တော်သေးပြီမောင်ရင် .. :P

minthawzin said...

i was there in 2005 april..you were wrong..what did i say to you on the phone? ...and i really miss that 2004,the best ones

generalomoya said...

ှSorry. My memory is ruined. You are right. You called me on 2006 Thingyan. You told me that you said the words which meant like sai sai's song "taung gu ko thwar ke, a mhaung htu htu nga tawe phyat ke" . By the way, how's about your debt?

Naing Htun Lwin said...

ငါ့တော့ခုနှစ်တွေမသိဘူး မူးနေတာဘဲသိတယ်