မြန်မာနိုင်ငံက Nargis သောင်းကြမ်းသွားပုံကိုတော့သိပြီးသားပါ။အဲ့သည့် နောက်ဆက်တွဲတစ်ချို့ကြားတာလေးတော့ရေးပါရစေဦး။ သံလျှင်မြို့က
အမျိုးသမီးတစ်ယောက် ဗိုလ်ကလေးကိုသွားလည်ရင်းနဲ့မုန်တိုင်းထဲပါသွား
တယ်တဲ့။မုန်တိုင်းတိုက်ပြီးတော်တော်ကြာတဲ့အထိအဲ့သည့်အမျိုးသမီးကို
သံလျှင်မှာတွေတွေနေတယ်။သူကလေးကိုတွေ့မိလားဆိုပြီးလူတွေကိုလိုက်
မေးနေတယ်။အစကတော့မြို့ခံတွေကသူမုန်တိုင်းထဲပါသွားတာမသိဘူးလေ။
နောက်မှ.. သိလိုက်တော့...။
နောက်တစ်ခု .. မုန်တိုင်းတိုက်ပြီး လူတွေရေထဲမြောနေတဲအချိန်..
ကျန်ခဲ့တဲ့သူတွေထဲကတစ်ချို့ကဒုတ်တွေဆွဲပြီး ရိုက်နှက်လုယက်တယ်တဲ့
ရေထဲမြောနေတဲ့သူတွေကို .. ရိုက်လုနေတာတွေကြားခဲ့ပါတယ်။
နောက်ဆက်တွဲကြားတာက ရန်ကုန်ကရတနာဆိုင်မှာ နယ်ကအရောင်းသမား
လာတယ်။ဆိုင်ကလဲပုံမှန်အတိုင်းစစ်ဆေးတာတွေလုပ်နေတုန်း.. ဆိုင်နားက ကုလားမကြီးတစ်ယောက်ကိုဝင်ပူးပြီး သည်ဟာတွေက သူဟာတွေပါ.. ။ မသေမရှင်ဖြစ်နေတုန်း နားရွတ်နဲ့လက်ဖြတ်ပြီး .. လုသွားတာ သူမြင်တယ်ဆိုပြီးပြောလို့ စစ်ဆေးကြည့်တဲအခါ မှန်နေတာတွေရတယ်တဲ့။
ယုံချင်ယုံမယုံချင်နေ - မိန်းမလှကျွန်းဘက်ကိုမြောနေတဲ့အလောင်းတွေထဲမှာ လတ်လတ်ဆက်ဆက် သေဆုံးထားတဲ့အလောင်းတွေပါနေတာကိုတွေ့ရတယ်။ ကယ်ဆယ်ရေးတွေက အစိုးရခွင့်ပြုချက်မရလို့ အခက်တွေ့နေတဲ့အချိန်မှာ လူတွေ
ငတ်ပြတ်ပြီး သေနေတာတွေ၊ကပ်ဆိုက်နေတာတွေဖြစ်နေပါတယ်။
ပုံပြင်လားတကယ်လား - မိန်းမလှကျွန်းဟာ အရင်ထဲကနာမည်ကြီးကျွန်းတစ်ခုပါ
မြန်မာနိုင်ငံရဲ့ ရေချိုရေငန်ဆက်ကြားကမြို့တစ်ခုဖြစ်ပါတယ်။ဦးရှင်ကြီးရေချခံခဲ့တာ
လဲသည်ကျွန်းမှာလို့ပြောကြတာကြားဘူးပါတယ်။ဒါပေမယ့် မိန်မလှကျွန်းကထွက်ကုန်တစ်ခုက သစ်ကနက်ပါ.. အဆင်မသင့်ရင်..
သစ်ကနက်က မြွေတွေဖြစ်သွားတာမြင်ရတယ်လို့ ပါးစပ်ရာဇ၀င် တွေကပြောကြတယ်။
Nargis တိုက်ပြီး လူတွေဟိုမြောသည်မြောနဲ့ ..အခက်တွေ့ နေတဲ့အချိန်တွေမှာ...
မိန်းမလှကျွန်းဘက်ကိုမြောလာတဲကလေးလေးတွေကို ထန်းလုံးလောက်ရှိတဲ့မြွေကြီးတွေ
ကကမ်းဘက်ကို ပိုနေတယ်တဲ့။ကလေးတွေကတော့ သစ်သားသစ်လုံးတွေအနေနဲ့မြင်ရပြီး
ပတ်ဝန်းကျင်ကတော့ မြွေကြီးတွေကလေးတွေကိုကယ်ကယ်ပြီးကမ်းဘက်ကိုလာပို့နေတယ်
လို့မြင်ကြတယ်။အရမ်းငယ်တဲကလေးတွေကိုတော့ မြွေကြီးတွေကကိုယ်လုံးတွေနဲ့ပတ်ပြီး
ကမ်းအရောက်လိုက်ပို့တယ်တဲ့ ..။ကြားသမျှကြားသမျှကတော့ဒါပါဘဲ...။
Wednesday, July 23, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment